“ဉာဏ်ကြီးရှင်” အစီအစဉ်
အစီအစဉ် စည်းမျဉ်းစည်းကမ်းချက်များ


ကံစမ်းမဲအစီအစဥ် အကျဥ်းချုပ်

ပရိုမိုးရှင်းအစီအစဉ်သက်တမ်းကာလ မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ အထိဖြစ်ပြီး Mobile Handset ၊ ရွှေလက်စွပ် နှင့် Smart Watch စသည့် ဆုများကို ပျော်စရာဉာဏ်စမ်းများဖြေရင်း ပေးအပ်သွားမည် ဖြစ်ပါသည်။ အနိုင်ရရှိသူအား တစ်လလုံးအတွက် အမှတ်ပေါင်းပြိုင်ပွဲ ပြုလုပ်မှုဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရွေးချယ်မည် ဖြစ်သည်။ ဝန်ဆောင်မှုရယူသောသူ အားလုံးအတွက် ဤဉာဏ်စမ်းအစီအစဉ်သည် အကျုံးဝင်ပါသည်။



ကံစမ်းမဲအစီအစဥ် အသေးစိတ်

၁. Trust Oo Co., Ltd. ("ကုမ္ပဏီ") မှ စီစဉ်သော ""ပရိုမိုးရှင်းအစီအစဥ်"" တွင်ပါဝင်ရန်အတွက် သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များ (""စည်းမျဥ်းစည်းကမ်းများ"") ကို သဘောတူပါသည်။


၁. Trust Oo Co., Ltd. ("ကုမ္ပဏီ") မှ စီစဉ်သော ""ပရိုမိုးရှင်းအစီအစဥ်"" တွင်ပါဝင်ရန်အတွက် သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များ (""စည်းမျဥ်းစည်းကမ်းများ"") ကို သဘောတူပါသည်။


၂. အရည်အချင်းပြည့်မီမှု
၂.၁။ ဤ ပရိုမိုးရှင်းအစီအစဥ်ကုမ္မဏီ၏ ဝန်ထမ်းများမှအပ အသက် (၁၈) နှစ်နှင့်အထက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ MPT ဆင်းမ်ကတ် အသုံးပြုသူများ အားလုံးသည် ယခုဖော်ပြထားသော စည်းကမ်းချက်များ အတိုင်း ပါဝင်ကံစမ်းနိုင်ပါသည်။

၂.၂။ ကုမ္ပဏီ၏ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဤ ပရိုမိုးရှင်းအစီအစဥ် အား ပါဝင်ခွင့် မရှိပါ။

၃. ပရိုမိုးရှင်းအစီအစဥ်ကာလ
၃. ၁။ ပရိုမိုးရှင်းအစီအစဉ်သက်တမ်းကာလ မှာ လတစ်လတိုင်း၏ ပထမနေ့မှ စတင်ပြီး လတစ်လ၏နောက်ဆုံးနေ့ ၂၈ ရက် (သို့) ၂၉ ရက် (သို့) ၃၀ ရက် (သို့) ၃၁ ရက်နေ့အထိ (“ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလ”) ဖြစ်ပါသည်။

၃.၂။ ပရိုမိုးရှင်းအစီအစဉ်သက်တမ်းကာလ ကုန်ဆုံးပြီးနောက်မှ ပါဝင်လာသော အချက်အလက်များ / ပါဝင်သူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၄. ပါဝင်ရမည့်နည်းလမ်း
၄.၁။ အသုံးပြုသူများအတွက် ဉာဏ်ကြီးရှင် ဝန်ဆောင်မှုများကို ရယူထားရပါမည်။ ထို ဉာဏ်ကြီးရှင် ဝန်ဆောင်မှုကို သုံးစွဲသူမှ မပယ်ဖျက်မချင်း ဝန်ဆောင်မှုသက်တမ်းကို အလိုအလျှောက် တိုးမြင့်သွားမည်ဖြစ်သည်။

၄.၂။ ဝန်ဆောင်မှုရယူရန်အတွက် *2526*22# ကိုခေါ်ဆိုခြင်း သို့မဟုတ် ၊ 8477 သို့ SMS “OK (သို့) ON” ပေးပို့ပြီး ဝန်ဆောင်မှုရယူနိုင်ပါသည်။ သို့မဟုတ် www.nyangyishin.com လင့်ဒ်ထဲသို့ဝင်ရောက်၍ လည်း ဝန်ဆောင်မှုရယူနိုင်ပါသည်။

၅. ဆုရရှိသူရွေးချယ်ခြင်း
၅.၁။ ဆုရရှိသူသည် သတ်မှတ်ထားသော အချိန်ကာလအတွင်း အမှတ်အများဆုံးရရှိသူက ဆုပစ္စည်းများကို ရရှိမှာဖြစ်ပါတယ်။ သတ်မှတ် အချိန်ကာလမှာ အောက်ပါအတိုင်းဖြစ်သည် -
. လစဉ်ဆု အချိန်ကာလ: ဝန်ဆောင်မှုလတစ်လ၏ ပထမနေ့ ၀၀:၀၀:၀၀ မှ ထိုလ၏ နောက်ဆုံးနေ့ ၂၃:၅၉:၅၉ အထိ။ ဤ ပရိုမိုးရှင်းအစီအစဥ် နှင့်ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကုမ္မဏီ၏ဆုံးဖြတ်ချက်သည်သာလျှင် အတည် ဖြစ်ပါမည်။

၅.၂။ ဆုရရှိသူ ရွေးချယ်မှု လုပ်ငန်းစဉ်ကို ကုမ္ပဏီမှ ဆုံးဖြတ်မည် ဖြစ်ပြီး ကုမ္ပဏီ၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။ သတင်းအချက်အလက် လုံခြုံမှုရှိစေရန်အတွက် ဆုရရှိသူရွေးချယ်မှု လုပ်ငန်းစဉ် အား ကုမ္မဏီမှ ထုတ်ပြန်ကြေညာသွားမည်မဟုတ်ပါ။

၆။ ချီးမြှင့်မည့်ဆု (များ)
၆.၁။ ဆုဆုများတွင် အမှတ်ပြိုင်ပွဲ နှင့် ကံစမ်း Spin Wheel ပါဝင်သည်။ ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

ဆုအမျိုးအစား အရေအတွက် ဆုပစ္စည်း
အမှတ်ပြိုင်ပွဲ လစဉ်ဆု




၁၀
၁၅
ပထမဆု - မိုဘိုင်းလ် ဟန်းဆက်
ဒုတိယဆု - ရွှေလက်စွပ်
တတိယဆု - စမတ်နာရီ
နှစ်သိမ့်ဆု (၁) ကျန်းမာရေးဆေးအိတ် (မိသားစုသုံး)
နှစ်သိမ့်ဆု (၂) အိတ်ဆောင်ကျန်းမာရေးဆေးအိတ်
နှစိသိမ့်ဆု (၃) အောက်စီဂျင်တိုင်းစက် x ၁၀ ဆု
နှစ်သိမ့်ဆု (၄) MPT ဖုန်းဘေလ် ၅၀၀၀ ကျပ် x ၁၅ ဆု


၆.၂။ ဆုကို ငွေသားဖြင့်လဲလှယ်၍မရပါ။

၇. ဆုရရှိသူအား အကြောင်းကြားခြင်း
၇.၁။ ဤ ပရိုမိုးရှင်းအစီအစဥ်၏ ဆုရရှိသူများအား ပရိုမိုးရှင်း ကုန်ဆုံးသောနေ့ရက် မှစ၍ ရက်ပေါင်း (၁၅) ရက် အတွင်း ဆုရရှိသူအား ရွေးချယ်ပြီး ဆုရရှိသူများကို MPT_WINNER မှ တစ်ဆင့် စာတိုပေးပို့ခြင်း နှင့် 09-43000055 ဖုန်းနံပတ်မှ ဖုန်းခေါ်အကြောင်းကြားပေးပါမည်။ ဆုရရှိသူအား အကြောင်းကြား/ရွေးချယ်သောနေ့ မှ စ၍ ရက်ပေါင်း ၃၀ ရက်အတွင်း ကုမ္မဏီမှ ဆုများကို ပေးအပ်သွားပါမည်။

၇.၂။ ဆုရရှိသူသည် ဆု ရယူရန်/ ထုတ်ယူရန် ကုမ္မဏီမှ ဆက်သွယ်အကြောင်းကြားပြီး ၁၅ ရက် အတွင်း ကုမ္မဏီမှ အကြောင်းကြားချက်ကို ချက်ခြင်း ပြန်လည်အကြောင်းပြန်ကြားဆက်သွယ်ရမည် ဖြစ်သည်။ ဆုရရှိသူဘက်မှ သတ်မှတ်ရက်အတွင်း ပြန်လည်အကြောင်းပြန်ကြားရန် ပျက်ကွက်ပါက ဆုကို အလိုအလျောက်ဆုံးရှုံးမည်ဖြစ်သည်။
ဆုအား သတ်မှတ်ထားသည့်အတိုင်း ထုတ်ယူရမည်ဖြစ်ပြီး ဆုအား သတ်မှတ်ထားသည့်အတိုင်း ထုတ်ယူခြင်းမရှိသည့် ဆုရရှိသူအား မည်သို့သောပေးလျော်မှုကိုမျှ ဆောင်ရွက်ပေးသွားမည် မဟုတ်ပါ။ ဆုများအား တစ်ခုခုဖြင့် လဲလှယ်ရယူခွင့် မရှိသလို ငွေသားဖြင့်လည်း လဲလှယ်ထုတ်ယူခွင့်မရှိပါ။

၈. ဆုရရှိသူအား စည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ဆုံးဖြတ်ခြင်း
၈.၁။ ဤစည်းမျဥ်းများကို ချိုးဖောက်သော သို့မဟုတ် မသမာသော သို့မဟုတ် ကျင့်ဝတ်သိက္ခာမဲ့သောအပြုအမူရှိသော ပါဝင်သူများ၏ ပါဝင်မှုအား လက်မခံဘဲ ပယ်ချမည်ဖြစ်ပါသည်။ ထို့အပြင် ယခု သတ်မှတ်ထားသော စည်းမျဥ်း စည်းကမ်းများ နှင့် သက်ဆိုင်မှု/ ကိုက်ညီမှု မရှိသော ပါဝင်သူများ ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ ပယ်ချသွားမည်ဖြစ်သည်။

၈.၂။ ပါဝင်သူများ၏ အရည်အချင်းမပြည့်မီမှု/ ပြည့်မီမှုကို ဆုံးဖြတ်ရန်အခွင့်အရေးသည် ကုမ္မဏီသာတွင်ရှိပါသည်။

၉. အုပ်ချုပ်ရေးဥပဒေ
၉.၁။ ဤစည်းမျဥ်းများကို မြန်မာနိုင်ငံ၏ ဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

၉.၂။ ဤစည်းကမ်းချက်များသည် မြန်မာနိုင်ငံ၏ဥပဒေများ၊ တရားရုံး (သို့မဟုတ်) စီရင်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း တစ်ခုခုမှ ထုတ်ပြန်ထားသည့် စည်းမျဥ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ (သို့မဟုတ်) အမိန့်များ နှင့်အညီဖြစ်ရမည်။

၉.၃။ ဤအစီအစဥ်၏ စည်းကမ်းချက်များနှင့်စပ်လျဥ်း၍ အင်္ဂလိပ်ဘာသာပါစာသားများနှင့် မြန်မာဘာသာပါစာသားများအကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက မြန်မာဘာသာပါစာသားများ ကသာလျှင် လွှမ်းမိုးအတည်ဖြစ်စေရမည်။

၉.၄။ ဤအစီအစဥ်၌ ပါဝင်သူ၏ ပါဝင်ဆောင်ရွက်ခြင်းသည် အစီအစဥ်တကျဖြစ်သည့်/ အစီအစဥ် တကျမဖြစ်သည့် ဝန်ဆောင်မှု ကြားဖြတ် ဆောင်ရွက်ခြင်းတို့နှင့် ကြုံတွေ့နိုင်ရဖွယ်ရှိပါသည်။ ဤအစီအစဥ်နှင့် စပ်လျဥ်း၍ အစီအစဥ်တကျဖြစ်သည့် (သို့မဟုတ်) အစီအစဥ်တကျမဟုတ်သည့် ကြားဖြတ်နှောင့်ယှက်ခြင်း၊ လိုင်းကျခြင်း (သို့မဟုတ်) ဝင်ရောက်၍မရခြင်းတို့ဖြစ်ပေါ်ခဲ့ပါက အဆိုပါ ဖြစ်စဥ်တို့နှင့်စပ်လျဥ်းပြီး ပါဝင်သူအပေါ် တွင်သော်လည်းကောင်း၊ အခြားသော တတိယလူပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တွင်သော်လည်းကောင်း MPT အနေဖြင့် တာဝန်တစ်စုံတစ်ရာ တာဝန်ရှိမည်မဟုတ်သည်ကို ပါဝင်သူ အနေဖြင့် သဘောတူ လက်ခံရမည်ဖြစ်ပါသည်။

၉.၅။ ဤအစီအစဥ်အား ပါဝင်သူ မှ အသုံးပြုမှု (သို့မဟုတ်) အလွဲသုံးစားပြုမှု၊ အခြားအသုံးပြုသူများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ (သို့မဟုတ်) ဤအစီအစဥ်နှင့်စပ်လျဥ်းသည့် ပါဝင်သူ ၏ အခြားသော ပြုလုပ်မှုများ (သို့မဟုတ်) ပျက်ကွက်မှုများအတွက် MPT တွင် မည်သည့်တာဝန်မျှရှိမည်မဟုတ်ပါ။

၁၀. အသေးစိတ် သိရှိရန်
အသေးစိတ်သိရှိရန် 09 441 55555 0 ကိုဆက်သွယ်ပါ။



“ဉာဏ်ကြီးရှင်” အစီအစဉ်
ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းချက်များ


ဉာဏ်ကြီးရှင် ဝန်ဆောင်မှု(ဤနေရာတွင် ဝန်ဆောင်မှု ဟု ရည်ညွှန်းရန်)ကို စာရင်းပေးသုံးစွဲခြင်းဖြင့် MPT၏ စာရင်းပေးသုံးစွဲသူများ (“စာရင်းပေးသုံးစွဲသူ” သို့မဟုတ် “စာရင်းပေးသုံးစွဲသူများ”) သည် ဤစာချုပ်ထဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်များကိုနားလည်ပြီး သဘောတူပါသည်။ဤဝန်ဆောင်မှုသည် စည်းကမ်းချက်များနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် အညီဖြစ်ရမည်။


၁။ ဝန်ဆောင်မှုပေးသူ
၁.၁။ ဤဝန်ဆောင်မှုကို အမှတ် ၆၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ရုံးချုပ်အခြေစိုက်သော Trust Oo Co., Ltd. (“ဝန်ဆောင်မှုပေးသူ”) မှ စီစဉ်ဆောင်ရွက်သည်။

၂။ ဝန်ဆောင်မှု
၂.၁။ ဤဝန်ဆောင်မှုကို ဉာဏ်ကြီးရှင် ဝန်ဆောင်မှုဟု ခေါ်ဆိုရမည်။

၂.၂။ ဤဝန်ဆောင်မှုသည် နေရာဒေသနှင့် ငွေကြေးဆိုင်ရာ အခက်အခဲ ကန့်သတ်ချက်များ မရှိစေပဲ မိုဘိုင်းလ်ဖုန်း မှတဆင့် စာရင်းပေးသုံးစွဲသူများ အထွေထွေဗဟုသုတ မြှင့်တင်ရန် ရည်ရွယ်သည်။

၂.၃။ ဤဝန်ဆောင်မှုသည် ဉာဏ်ကြီးရှင်ဝက်ဘ်ဆိုဒ်ကို အခြေခံသော ဝန်ဆောင်မှုဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် အထွေထွေဗဟုသုတနှင့်သက်ဆိုင်သော အပြန်အလှန် ဉာဏ်စမ်းအမေးအဖြေ ကဏ္ဍတွင် ပါဝင်လျက် ဗဟုသုတစာတိုများ ရရှိနိုင်မည်ဖြစ်သည်။ စာရင်းပေးသုံးစွဲသူများ အနေဖြင့် ဉာဏ်ရည်ထက်မြက်ကာ အောင်မြင်ပျော်ရွှင်သော ဘဝနေထိုင်မှုအတွက် အသိပညာဗဟုသုတများ ရရှိမည့်အပြင် အမှတ်များများ ရရှိခြင်းဖြင့် လည်းကောင်း၊ ကံစမ်းမဲများ ကံထူးခြင်းဖြင့် လည်းကောင်း ဆုလက်ဆောင်များ ခံစားနိုင်ပါသည်။

၃။ ဝန်ဆောင်မှု ပက်ကေ့ချ်
၃.၁။ ဝန်ဆောင်မှု ပက်ကေ့ချ် (“ဝန်ဆောင်မှု ပက်ကေ့ချ်” သို့မဟုတ် “ဝန်ဆောင်မှု ပက်ကေ့ချ်များ”) တွင် အထွေထွေဗဟုသုတစာတို တစ်ခုနှင့် ဗဟုသုတ ဉာဏ်စမ်း မေးခွန်း (၅) ခု ပါဝင်မည် ဖြစ်သည်။

၄။ ဝန်ဆောင်မှု ဈေးနှုန်း
၄.၁။ စတင်စာရင်းပေးသုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုအား တစ်ရက်လျှင် ပက်ကေ့ချ် တစ် (၁) ခုနှုန်း ရရှိမည်
ဖြစ်သည်။
၄.၂။ စာရင်းပေးသုံးစွဲသူများကို ဝန်ဆောင်မှု ပက်ကေ့ချ် တစ်ခုလျှင် (၉၉) ကျပ်နှုန်း ကောက်ခံမည် ဖြစ်သည်။

၅။ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်း
၅.၁။ စာရင်းပေးသုံးစွဲသူများသည် ကုဒ်နံပါတ် 8477 သို့ OK (သို့) ON ဟု ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ စာတို(SMS)တွင် ပါဝင်သည့် www.nyangyishin.com သို့ ဝင်ရောက်ရယူခြင်းဖြင့် ဖြစ်စေ စာရင်းပေးသုံးစွဲနိုင်သည်။

၅.၂။ စာရင်းပေးသုံးစွဲသူများသည် ကုဒ်နံပါတ် 8477 သို့ OFF ဟု ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ www.nyangyishin.com ရှိ သုံးစွဲသူအကောင့်မှ နှုတ်ထွက်ခြင်းဖြင့် ဖြစ်စေ စာရင်းမှ ပယ်ဖျက်နိုင်သည်။

၆။ ဝန်ဆောင်မှု ရရှိပုံ အဆင့်ဆင့်
၆.၁။ ဝန်ဆောင်မှုကို စတင်အသုံးပြုရန် 8477 သို့ OK (သို့) ON ဟု ပေးပို့ခြင်းဖြင့် ဖြစ်စေ၊ စာတိုတွင်ပါဝင်သည့်
www.nyangyishin.com မှတစ်ဆင့် ဝင်ရောက်ကာ စာရင်းပေးသွင်းခြင်းဖြင့် ဖြစ်စေ အသုံးပြုနိုင်ပါသည်။

၆.၂။ ဝန်ဆောင်မှုကို ပယ်ဖျက်ရန် 8477 သို့ OFF ဟု ပေးပို့ခြင်းဖြင့် ဖြစ်စေ၊ www.nyangyishin.com ရှိ သုံးစွဲသူအကောင့်မှ နှုတ်ထွက်ခြင်းဖြင့် ဖြစ်စေ စာရင်းမှ ပယ်ဖျက်နိုင်သည်။

၆.၃။ ဝန်ဆောင်မှုရယူခြင်းနှင့် အတူ အထွေထွေဗဟုသုတစာတိုနှင့် ဉာဏ်စမ်းမေးခွန်းများ ပါဝင်သော ပက်ကေ့ချ်တစ်ခုကို ရရှိမည် ဖြစ်ပါသည်။

၆.၄။ ပက်ကေ့ချ်တစ်ခုအား အသုံးပြုမည်ဆိုပါက ဉာဏ်ကြီးရှင် ဝန်ဆောင်မှု၏ ပထမစာမျက်နှာရှိ “ကစားမည်” ကို ရွေးချယ်ကာ ဖြေဆိုနိုင်ပါသည်။

၆.၅။ ဝန်ဆောင်မှု ပက်ကေ့ချ် ရယူပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပထမစာမျက်နှာရှိ “ကစားမည်” ကို နှိပ်ပါက ဝန်ဆောင်မှုပက်ကေ့ချ်ကို ရရှိမည် ဖြစ်သည်။
ပထမစာမျက်နှာတွင် အထွေထွေဗဟုသုတစာတို (၁)စောင်အား ဦးစွာ ဖတ်ရှုနိုင်မည် ဖြစ်သည်။
ထို့နောက် မေးခွန်းနံပါတ် (၁) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။

ထို့နောက် မေးခွန်းနံပါတ် (၂) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။
ထို့နောက် မေးခွန်းနံပါတ် (၃) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။
ထို့နောက် မေးခွန်းနံပါတ် (၄) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။
ထို့နောက် မေးခွန်းနံပါတ် (၅) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။

မေးခွန်းနံပါတ် (၅) ကို ဖြေဆိုပြီးချိန်တွင် ထိုပက်ကေ့ချ်တစ်ခု၏ ဉာဏ်စမ်းအဖြေမှန်များအားလုံး အတွက် သုံးစွဲသူ ရရှိသည့် အမှတ်ကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

၆.၆။ မေးခွန်းတစ်ခု၏ ဖြေဆိုချိန်မှာ စက္ကန့် ၃၀ ဖြစ်ပြီး အချိန်စေ့သည်အထိ ဖြေဆိုခြင်း မပြုပါက ထိုမေးခွန်းအတွက် အဖြေအား အဖြေမှားဟု သတ်မှတ်မည် ဖြစ်ပါသည်။

၆.၇။ ဝန်ဆောင်မှု ရယူထားသူသည် ဉာဏ်စမ်းမေးခွန်းတစ်ခုကို ဖြေဆိုခြင်းမပြုပါက အဖြေမှားဟု သတ်မှတ်မည်ဖြစ်ပြီး ကျန်ရှိနေသည့် ဉာဏ်စမ်းမေးခွန်းများကို ဆက်လက်ဖြေဆိုရမည် ဖြစ်ပါသည်။ ပက်ကေ့ချ် တစ်ခု၏ ဉာဏ်စမ်းဖြေဆိုခြင်း ပြီးမြောက်ရန်အတွက် မေးခွန်းတစ်ခုစီတိုင်းကို ဖြေဆိုရမည် ဖြစ်ပါသည်။

၆.၈။ MPT ၏ ဆက်သွယ်မှုဧရိယာပြင်ပ (သို့မဟုတ်) လိုင်းဆွဲအား မကောင်းသော နေရာများ၌ အသုံးပြုမိသည့် အခါမျိုးတွင် စာရင်းပေးသုံးစွဲသူများ၏ ဝန်ဆောင်မှုစာမျက်နှာတွင် ကြန့်ကြာမှုများ ဖြစ်နိုင်ပါသည်။

၇။ ဝန်ဆောင်မှု ပက်ကေ့ချ် တစ်ခု၏ သက်တမ်း
၇.၁။ ဝန်ဆောင်မှု ပက်ကေ့ချ် တစ်ခု၏ သက်တမ်းမှာ ပက်ကေ့ချ် စတင်ရရှိသော အချိန်မှစ၍ ဝန်ဆောင်မှု Season ကာလအတွင်း သက်တမ်းကုန်ဆုံးခြင်းရှိမည်မဟုတ်ဘဲ မိမိဝယ်ယူထားသော အရေအတွက်အတိုင်း နှစ်သက်ရာအချိန်တွင် စိတ်ကြိုက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၈။ ထပ်မံဝယ်ယူခြင်း
၈.၁။ စာရင်းပေး သုံးစွဲသူများသည် တစ်ရက်လျှင် ပက်ကေ့ချ် တစ်ခုထက်မက ဝယ်ယူနိုင်သည်။ စာရင်းပေး သုံးစွဲသူများသည် ဝန်ဆောင်မှု ပက်ကေ့ချ် ကို များစွာသော ဝယ်ယူမှုများ စိတ်ကြိုက်ပြုလုပ်နိုင်သည်။ အတိအကျအနေဖြင့် တစ်ရက်လျှင် အများဆုံးအကြိမ် ၃၀ ဝယ်ယူနိုင်သည့် ကန့်သတ်ချက်ရှိပြီး ၎င်းမှာ ဝန်ဆောင်မှုစတင်သည့် ပထမ (၁) ရက်မှစ၍ ဝန်ဆောင်မှုပြီးသည့် လစဉ် ကာလအထိ အများဆုံးပမာဏအနေဖြင့် ဖြည့်သွင်းမှုစုစုပေါင်း အောက်ပါအတိုင်း အသီးသီး ပြုလုပ်နိုင်မည် ဖြစ်သည်။
တရက်လျှင် ပက်ကေ့ချ် ၃၀ x ဝန်ဆောင်မှုကာလ ၂၈ ရက် = ၈၄၀ ပက်ကေ့ချ်
တရက်လျှင် ပက်ကေ့ချ် ၃၀ x ဝန်ဆောင်မှုကာလ ၂၉ ရက် = ၈၇၀ ပက်ကေ့ချ်
တရက်လျှင် ပက်ကေ့ချ် ၃၀ x ဝန်ဆောင်မှုကာလ ၃၀ ရက် = ၉၀၀ ပက်ကေ့ချ်
တရက်လျှင် ပက်ကေ့ချ် ၃၀ x ဝန်ဆောင်မှုကာလ ၃၁ ရက် = ၉၃၀ ပက်ကေ့ချ်

၈.၂။ စာရင်းပေးသုံးစွဲသူများအနေဖြင့် ထပ်မံဝယ်ယူလိုပါက ပက်ကေ့ချ် တစ်ခုအား ၉၉ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

၈.၃။ ဝန်ဆောင်မှု မူလစာမျက်နှာရှိ ‘ထပ်မံဝယ်ယူမည်’ အား နှိပ်၍ ဝန်ဆောင်မှု ပက်ကေ့ချ် များကို စိတ်ကြိုက်ဝယ်ယူနိုင်မည် ဖြစ်သည်။

၉။ အမှတ်ပြိုင်ပွဲ
၉.၁။ အမှတ်ပြိုင်ပွဲ (“အမှတ်ပြိုင်ပွဲ”သို့မဟုတ် ”ပြိုင်ပွဲ”) မှာ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသူများအတွက် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ ပြိုင်ပွဲအတွင်း အမှတ်အများဆုံး ရရှိသည့် စာရင်းပေးသုံးစွဲသူများသည် ဆုရရှိသူများဖြစ်မည်ဖြစ်ပြီး အမှတ်ပြိုင်ပွဲအတွက် ဆုလက်ဆောင်များ ထုတ်ယူနိုင်မည် ဖြစ်သည်။
အစီအစဉ်တစ်ခု၏ သတ်မှတ်ထားသောကာလ ပြီးဆုံးပါက ထိုအစီအစဉ်တွင်ရရှိခဲ့သော ရမှတ်များ ၊ မှော်ကတ်များ နှင့် ဝယ်ယူခဲ့သော ပတ်ကေချ့်များမှာ အကျုံးမဝင်တော့ဘဲ မူလစမှတ် သုညသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်ပါသည်။
၉.၂။ စာရင်းပေးသုံးစွဲသူသည် ဝန်ဆောင်မှု Package ဝယ်ယူမှုတစ်ခုချင်းစီတိုင်းနှင့် အောင်မြင်စွာ သက်တမ်းတိုးသည့်အခါတိုင်း အမှတ်ငါးဆယ် (၅၀) ရရှိမည်ဖြစ်သည်။
၉.၃။ ဖြေဆိုသည့် အဖြေမှန်လျှင် အဖြေမှန်တစ်ခုစီအတွက် အမှတ် (၂၀) ရရှိမည် ဖြစ်ပြီး ဖြေဆိုသည့် အဖြေမမှန်ကန်လျှင် ကြိုးစားသည့် အကြိမ်တိုင်းအတွက် (၁၀) မှတ်စီ ရရှိမည် ဖြစ်သည်။ မေးခွန်းတစ်ခု၏ ဖြေဆိုချိန်မှာ စက္ကန့် ၃၀ ဖြစ်ပြီး အချိန်စေ့သည်အထိ ဖြေဆိုခြင်းမပြုပါက ထိုမေးခွန်းအတွက် အဖြေအား အဖြေမှားဟု သတ်မှတ်မှာ ဖြစ်ပါတယ်။ ပတ်ကေချ့်တစ်ခုစာ ဖြေဆိုရာတွင် ရရှိနိုင်သော ရမှတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မေးခွန်း (၁) ခု မှန်ပါက (၂၀) မှတ်
မေးခွန်း (၂) ခု မှန်ပါက (၄၀) မှတ်
မေးခွန်း (၃) ခု မှန်ပါက (၆၀) မှတ်
မေးခွန်း (၄) ခု မှန်ပါက (၈၀) မှတ်
မေးခွန်း (၅) ခု မှန်ပါက (၁၀၀) မှတ်
မေးခွန်းအားလုံး ဖြေဆိုမှု မှန်ကန်ပါက စုစုပေါင်း ရမှတ် ၁၀၀ အထိ ရရှိမှာ ဖြစ်ပြီး မေးခွန်းများအားလုံး ဖြေဆိုမှု မှားနေရင်တောင်မှ ရမှတ် ၅၀ ရရှိနေဉီး မှာ ဖြစ်ပါတယ်။

၉.၄။ စာရင်းပေးသုံးစွဲသူအနေဖြင့် လက်ရှိ ရရှိထားသော အမှတ်များကို ဝန်ဆောင်မှုစာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

၉.၅။ လစဉ်ဆုအတွက် ဆုရရှိသူကိုရွေးချယ်ရာတွင် အဆိုပါသတ်မှတ်ထားသောလအတွင်း အမှတ်အများဆုံး ရရှိသူအား ပေးအပ်မည်ဖြစ်သည်၊၊

၉.၆။ Grand ဆုအတွက် ဆုရရှိသူကိုရွေးချယ်ရာတွင် ဝန်ဆောင်မှု စတင်သည်မှစ၍ ပြီးဆုံးချိန်အတွင်း အမှတ်အများဆုံးရရှိသူအား ပေးအပ်မည်ဖြစ်သည်။

၁၀။ အမှတ်ပြိုင်ပွဲတွင် အကျုံးဝင်ခြင်း
၁၀.၁။ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသူတိုင်းသည် အမှတ်ပြိုင်ပွဲအတွက် သတ်မှတ်ကာလများတွင် အကျုံးဝင်နေမည်ဖြစ်ပါသည်။ အမှတ်ပြိုင်ပွဲ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကာလအတွင်း အမှတ်အများဆုံးရရှိသော စာရင်းပေးသုံးစွဲသူများသာ ဆုရရှိနိုင်ချေ များသည့်အတွက် မေးခွန်းများများဖြေပြီး အမှတ်များကို စုဆောင်းသင့်ပါသည်။

၁၁။ အမှတ်ပိုရရှိနိုင်ရန် နည်းလမ်းများ
မှော်ကတ်များမှလည်းကောင်း၊ ကံကြမ္မာစက်ဝိုင်းမှလည်းကောင်း၊ အထူးအစီအစဉ်များမှလည်းကောင်း အမှတ်ပိုရရှိနိုင်ပါသည်။

၁၁.၁။ မှော်ကတ်
မှော်ကတ်အား ဤဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ဉာဏ်စမ်းဖြေဆိုရာတွင် အဖြေမှန်စေရန်
လည်းကောင်း၊ အမှတ်ပို ရရှိစေရန်လည်းကောင်း အသုံးပြုနိုင်ပါသည်။
မှော်ကတ်အမျိုးအစားပေါင်း (၆) မျိုး ရှိပါသည်။

(၁) Swap Ticket (ဖလှယ်ကတ်)
ဤမှော်ကတ်ဖြင့် လက်ရှိမေးခွန်းကို အခြားမေးခွန်းတစ်ခုနှင့် လဲလှယ်နိုင်စွမ်း ရှိသည်။
(၂) 50:50 (၅၀:၅၀ ကတ်)
ဤမှော်ကတ်ဖြင့် ရွေးချယ်စရာလေးခုထဲမှ အဖြေမှားနှစ်ခုကို ဖယ်ရှားနိုင်စွမ်း ရှိသည်။
(၃) Double Chance (၂ ကြိမ်ရွေးချယ်ခွင့်ကတ်)
ဤမှော်ကတ်ဖြင့် အဖြေကို နှစ်ကြိမ်တိုင်တိုင် ရွေးချယ်နိုင်စွမ်း ရှိသည်။
(၄) Time Freeze (အချိန်ရပ်ကတ်)

ဤမှော်ကတ်ဖြင့် ဖြေဆိုချိန်မကုန်စေရန် အချိန်ကို ရပ်တန့်နိုင်စွမ်း ရှိသည်။
အထက်တွင် ဖော်ပြထားသော မှော်ကတ်များကို ဉာဏ်စမ်းဖြေနေစဉ်အတွင်း အသုံးပြုနိုင်ပါသည်။

(၅) Free Points (အမှတ်ပိုကတ်)
ဤမှော်ကတ်ဖြင့် အမှတ်ပို ၁၀ မှတ်မှ ၅၀၀ မှတ်အထိ ရရှိနိုင်သည်။
(၆) Double Points (နှစ်ဆတိုးကတ်)

ဤမှော်ကတ်ဖြင့် ဉာဏ်စမ်းပက်ကေ့ချ်တစ်ခုတွင် ရရှိလာမည့် အမှတ်ပေါင်းကို နှစ်ဆတိုးပွားနိုင်စွမ်း ရှိသည်။
အထက်တွင် ဖော်ပြထားသော မှော်ကတ်များကို အမှတ်တိုးစေရန်အတွက် အသုံးပြုနိုင်ပါသည်။

၁၁.၁.၁။ ဤဝန်ဆောင်မှုအား ပထမဦးဆုံးရယူခြင်းအောင်မြင်ပါက မှော်ကတ် ၁၀ ကတ် လက်ဆောင်ရရှိပါမည်။
၁၁.၁.၂။ ဘောနပ်စ်စက်ဝိုင်းမှလည်း ရရှိနိုင်ပါသည်။
၁၁.၁.၃။ OTP ပက်ကေချ့် ၁၀ခု ဝယ်ယူတိုင်း အပိုဆုများအနေဖြင့်လည်း ရရှိနိုင်ပါသည်။
၁၁.၂။ ဘောနပ်စ်စက်ဝိုင်း
ဘောနပ်စ်စက်ဝိုင်းဆိုတာ Jack Pot ဆုများ၊ မှော်ကတ်များနှင့် ထပ်လောင်းအမှတ် 500 အထိ ရရှိနိုင်သော ဗလာမပါ စက်ဝိုင်း ဖြစ်ပါသည်။ ဝန်ဆောင်မှုရယူထားသူက ဘောနပ်စ်စက်ဝိုင်းကိုလှည့်ပြီး ဆုများကို ရရှိနိုင်မှာ ဖြစ်ပါသည်၊၊
၁၁.၂.၁။ စက်ဝိုင်းလှည့်ခွင့် တစ်ကြိမ်စီတိုင်းအတွက် မိမိ၏ အမှတ်များထဲမှ အမှတ် ၅၀ နှုတ်ယူမှာ ဖြစ်ပါသည်။
၁၁.၂.၂။ ဝန်ဆောင်မှုရယူထားသူအနေနဲ့ စက်ဝိုင်းအားလှည့်ရန် အနည်းဆုံး အမှတ် ၅၀ ရရှိထားဖို့ လိုအပ်ပါတယ်။ ဝန်ဆောင်မှုရယူထားသူသည် ဘောနပ်စ်စက်ဝိုင်းတွင် 10x ရခဲ့ပါက အမှတ် ၅၀ ၏ ၁၀ဆ အမှတ် ၅၀၀ ကို ရရှိမှာ ဖြစ်ပြီး ကံကောင်းစွာဖြင့် 100x ရခဲ့ပါက ဝန်ဆောင်မှုရယူထားသူသည် အဆ ၁၀၀ အနေနဲ့ အမှတ် ၅၀၀၀ ကို ရရှိမှာ ဖြစ်ပါတယ်။ Jack Pot ဆုကြီးအားရရှိရန် ဘောနပ်စ်စက်ဝိုင်းမှ သတ်မှတ်ထားသောစကားလုံးများကို ကံထူးပိုင်ဆိုင်ထားရမှာဖြစ်ပြီး ထိုစကားလုံးများစုံမှသာလျှင် သတ်မှတ်ထားသော ဆု အား ထုတ်ယူနိုင်မှာ ဖြစ်ပါသည်၊၊ ဖုန်းဘေလ်နဲ့လဲလှယ်ယူနိုင်တဲ့ ဒင်္ဂါးပြားများကိုလည်း ဘောနပ်စ်စက်ဝိုင်းမှ ရရှိနိုင်ပါသည်။
၁၁.၂.၃။ ဝန်ဆောင်မှုရယူထားသူတစ်ဦးအနေနဲ့ မိမိတွင် အမှတ်ရှိသလောက် အကန့်အသတ်မရှိ စက်ဝိုင်းအား လှည့်နိုင်ပါသည်။

၁၁.၃။ Real-Time Mechanics
၁၁.၃.၁။ Happy Hour
Happy Hour သည် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ ည (၇)နာရီမှ (၉)နာရီအတွင်း ဖြစ်သည်။ Happy Hour အတွင်း ဖြေဆိုသော ဉာဏ်စမ်းများ၏ ရမှတ်များသည် အလိုအလျောက် နှစ်ဆ ပြောင်းလဲသွားမည် ဖြစ်သည်။ Happy Hour တွင် ရရှိလာသော အမှတ်များကို နောက်ဆုရရှိမည့် ပြိုင်ပွဲအမှတ်စာရင်းထဲတွင် ထည့်ပေါင်းပေးပါသည်။
၁၁.၃.၂။ OTP Bonus
OTP Bonus ဆိုတာ OTP ပက်ကေချ့် ၁၀ခု ဝယ်ယူတိုင်း အပိုဆုများအနေဖြင့် ပက်ကေချ့် အပိုတစ်ခုအပြင် မှော်ကတ် ၃ ကတ် ကို ရရှိနိုင်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ နေ့စဉ်ရရှိသော ဝန်ဆောင်မှုပက်ကေ့ချ်များကိုမူ OTP ပက်ကေ့ချ်အဖြစ် သတ်မှတ်မည် မဟုတ်ပါ။
၁၁.၃.၃။ Weekend OTP Bonus
Weekend OTP Bonus ဆိုသည်မှာ စနေနဲ့တနင်္ဂနွေမှာ OTP ပက်ကေချ့် ၁၀ခု ဝယ်ယူတိုင်း အပိုဆုများအနေဖြင့် ပက်ကေချ့် အပိုနှစ်ခုအပြင် မှော်ကတ် ၃ ကတ် ကို ရရှိနိုင်တဲ့ အစီအစဉ်ပဲ ဖြစ်ပါသည်။ နေ့စဉ်ရရှိသော ဝန်ဆောင်မှုပက်ကေ့ချ်များကိုမူ OTP ပက်ကေ့ချ်အဖြစ် သတ်မှတ်မည် မဟုတ်ပါ။
၁၁.၃.၃။ Loyalty Bonus
Loyalty Bonus ဆိုတာ ဉာဏ်ကြီးရှင်ဝန်ဆောင်မှုအား ၁၀ ရက် ဆက်တိုက် ဝန်ဆောင်မှုရယူထားပါက loyal customer အဖြစ် သတ်မှတ်ပြီး အမှတ်ပို ၁၀၀၀ ရရှိနိုင်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဖုန်းငွေလက်ကျန် မလုံလောက်ခြင်း သို့မဟုတ် ဝန်ဆောင်မှုကိုရပ်တန့်လိုက်ခြင်းကြောင့် ဝန်ဆောင်မှုကာလ (၁၀) ရက် မပြည့်ပါက Loyalty Bonus အား ခံစားခွင့် ရှိမည် မဟုတ်ပါ။

၁၂။ လူသစ်ဖိတ်ခေါ်ခြင်း (Invitation Incentive Campaign)
ဝန်ဆောင်မှုအသုံးပြုနေသူသည် ၎င်း၏ သူငယ်ချင်းများနှင့်အခြားသူများကို ဤဝန်ဆောင်မှုအား အသုံးပြုရန် ဖိတ်ခေါ်နိုင်ပါသည်။ ဖိတ်ခေါ်ခံရသူသည် ဝန်ဆောင်မှုအသုံးပြုရန် ပထမဆုံးစာရင်းပေးသွင်းရာ၌ ဖိတ်ခေါ်သူ၏ ID နံပါတ်အား ဖိတ်ဖေါ်ကုဒ်အဖြစ် ထည့်သွင်းလိုက်ပါက ၁၀ ဒင်္ဂါးပြား စီဖြင့် နှစ်ဦးစလုံး အသီးသီးရရှိမည် ဖြစ်ပါသည်။ အရေအတွက် များများဖိတ်ခေါ်နိုင်လေ ဒင်္ဂါးပြား များများ ရရှိလေ ဖြစ်သည်။
ရရှိလာသော ဒင်္ဂါးပြားများဖြင့် Redeem Centerတွင် MPTဖုန်းဘေလ်များကို အောက်ပါအတိုင်း လှဲလှယ်နိုင်မည်ဖြစ်ပြီး လှယ်လှဲထားသောသူများအား ဆက်သွယ်ခြင်း၊ ဖုန်းဘေလ်များ ထည့်ပေးခြင်းအား ဝန်ဆောင်မှုပံ့ပိုးသူဘက်မှ သတ်မှတ်ထားသော အချိန်အတွင်း ဖုန်းခေါ်ဆိုကြောင်းကြားပြီး ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်၊၊

ဒင်္ဂါးပြား အရေအတွက် ဖုန်းဘေလ်
၁၀၀ ၁၀၀၀
၃၀၀ ၃၀၀၀
၆၀၀ ၁၀၀၀၀
၉၀၀ ၃၀၀၀၀

အသုံးမပြုလိုက်သော ဒင်္ဂါးပြားများကို နောက်ဝန်ဆောင်မှုကာလသို့ သယ်ဆောင်သွားမည်မဟုတ်ပါ။

၁၃။ အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများ
၁၅.၁။ အမှတ်ပြိုင်ပွဲနှင့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်သူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိရန်လိုအပ်ပါသည်။
• ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသည့် MPT အသုံးပြုသူများ
• အသက် (၁၈) နှစ်နှင့် အထက် စာရင်းပေးသုံးစွဲသူများ (သို့မဟုတ်) (၁၈) နှစ်အောက်ဖြစ်ပါက ဝန်ဆောင်မှုကို အသုံးပြုရန် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရရှိထားသည့် စာရင်းပေးသုံးစွဲသူများ
• မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသည့် စာရင်းပေးသုံးစွဲသူများ

၁၄။ အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်မရှိသူများ
အောက်ပါအချက်များ တစ်ခုခုနှင့် ကိုက်ညီမှုရှိပါက ဆုလက်ဆောင်အစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
• MPT SIM Card အသုံးမပြုသူများ (သို့မဟုတ်) ဝန်ဆောင်မှုကို ရယူမထားသူများ
• အသက် (၁၈) နှစ်နှင့် အထက် စာရင်းပေးသုံးစွဲသူများ (သို့မဟုတ်) (၁၈) နှစ်အောက်ဖြစ်ပါက ဝန်ဆောင်မှုကို အသုံးပြုရန် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရရှိထားသည့် စာရင်းပေးသုံးစွဲသူများ
• မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်မရသူများ
• ဤပြိုင်ပွဲကို စီစဉ်သည့် ကုမ္ပဏီများတွင် အလုပ်လုပ်သူများ၊ MPT၊ Trust Oo နှင့် ဤဝန်ဆောင်မှုနှင့် တိုက်ရိုက် သက်ဆိုင်သော ၎င်းတို့၏ မိတ်ဖက် အဖွဲ့အစည်းများ
• မေးခွန်းဖြေဆိုမှုနှင့် ဝန်ဆောင်မှုပက်ကေ့ချ်၊ အမှတ်၊ ဒင်္ဂါးပြား၊ ကတ်၊ ကံကြမ္မာစက်ဝိုင်းလှည့်ယူခွင့်များ ရယူခြင်းတွင် မသမာသော နည်းလမ်းဖြင့် ဖြစ်စေ၊ တရားမဝင်သော အပြုအမှုများဖြင့် ဖြစ်စေ၊ နည်းပညာလိမ်လည်မှု တစ်စုံတစ်ရာဖြင့် ဖြစ်စေ ရယူထားသူများ

၁၅။ အသိပေးအကြောင်းကြားခြင်းနှင့် ဆုလက်ဆောင်များ ထုတ်ယူခြင်း
၁၅.၁။ ဆုရရှိသည့် စာရင်းပေးသုံးစွဲသူများအား ဆုရရှိကြောင်းကို ဆုရရှိသည့်နေ့မှစ၍ (၂)ပတ်အတွင်း အသိပေး
အကြောင်းကြားသွားမည် ဖြစ်သည်။ ဝန်ဆောင်မှုပံ့ပိုးသူသည် ထိုစာရင်းပေးသုံးစွဲသူအား ဝန်ဆောင်မှု စာရင်းပေးသုံးစွဲစဉ်က အသုံးပြုခဲ့သော MPT မိုဘိုင်းလ်နံပါတ် (MSISDN) ကို ဆက်သွယ်မည်ဖြစ်သည်။
ဆုရရှိသူများကို ရရှိသောဆုများအား မည်သို့ ထုတ်ယူရမည်ကို ဖုန်းဆက်အကြောင်းကြားရာတွင် အသေးစိတ် ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်သည်။
၁၅.၂။ Grand ဆုကြီးများနှင့် လစဉ်ဆုများ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုလက်ဆောင်များကို ဝန်ဆောင်မှုပံ့ပိုးသူ၏ ရုံးလိပ်စာ ဖြစ်သော အမှတ် ၆၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် မဖြစ်မနေ လာရောက်ထုတ်ယူရမည် ဖြစ်သည်။ ဆုလက်ဆောင်များကို ဝန်ဆောင်မှုပံ့ပိုးသူ၏ အစီအစဉ်အရ MPT ရုံး၊ ဗိုလ်အောင်ကျော်လမ်း (သို့မဟုတ်) အခမ်းအနား တစ်ရပ်တွင်လည်း ပေးအပ်သွားနိုင်ပါသည်။ အထက်ပါဖော်ပြထားသော ဆုစာရင်းများမှမဟုတ်ဘဲ တခြားဆုများရရှိသော စာရင်းပေးသုံးစွဲသူများသည်လည်း ဝန်ဆောင်မှုပံ့ပိုးသူမှ ပြုလုပ်သော ဆုပေးပွဲများသို့ လာရောက်ထုတ်ယူရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ခဲ့ပါက ရရှိသော ဆုလက်ဆောင်များအား သက်ဆိုင်ရာ နေရပ်လိပ်စာများ (သို့) သက်ဆိုင်ရာ အနီးဆုံးကားဂိတ်များသို့ ဆုရရှိသူ၏ တောင်းဆိုချက်ဖြင့် ပေးပို့ပေးနိုင်ပြီး ပို့ဆောင်ခကို ဆုလက်ဆောင် လက်ခံရရှိသူထံမှ ကျခံပေးရမည် ဖြစ်သည်။
၁၅.၃။ ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုလက်ဆောင်များကို ထုတ်ယူရာတွင် အောက်ဖော်ပြပါ သက်သေအထောက်အထားများ တင်ပြရမည်ဖြစ်သည်။
(က) မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (သို့မဟုတ်) နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်မူရင်း
(ခ) ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲစဉ်က အသုံးပြုထားသော MPT SIM Card
ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုပစ္စည်းလက်ခံရရှိကြောင်း စာရွက်စာတမ်းတွင် လက်မှတ်ရေးထိုးပေးရမည် ဖြစ်သည်။
၁၅.၄။ ဆုရရှိသော စာရင်းပေးသုံးစွဲသူအား သုံးကြိမ်အထိ ဖုန်းဖြင့် ဆက်သွယ်၍ မရပါက (သို့မဟုတ်) ဆုထုတ်ပေးပြီး (၁၀) ရက်အကြာအထိ ဆုပစ္စည်းအား လာရောက်ထုတ်ယူခြင်း မရှိပါက ဝန်ဆောင်မှု ပံ့ပိုးသူက သက်ဆိုင်ရာ ဆုလက်ဆောင်ကို ဖျက်သိမ်းမည် ဖြစ်သည်။
၁၅.၅။ ဝန်ဆောင်မှု ပံ့ပိုးသူသည် ဆုရရှိသူအား ဆုပစ္စည်းထုတ်ယူရန် အကြောင်းကြားသည့်အချိန်မှစ၍ (၁၀) ရက်အတွင်း ထုတ်ပေးသွားမည် ဖြစ်ပြီး မည်သည့်အချိန်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်းကို အကြောင်းကြားရန် တာဝန်ရှိမည် မဟုတ်ပါ။

၁၆။ အချက်အလက် ဖော်ပြခြင်း
ဆုရရှိသောစာရင်းပေးသုံးစွဲသူများသည် ဝန်ဆောင်မှုပံ့ပိုးသူမှ ဆောင်ရွက်သော အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် ဥပဒေအရ ခွင့်ပြုထားသည့် အတိုင်းအတာအထိ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်သော အမည်များ၊ နေထိုင်ရာဒေသများ၊ ဓာတ်ပုံများနှင့် အသံ နှင့်/သို့မဟုတ် ဗီဒီယိုမှတ်တမ်းများအား လူမှုကွန်ယက် ဆိုဒ်များ၊ ပုံနှိပ်မီဒီယာများနှင့် ရုပ်သံထုတ်လွှင့်မှု ချန်နယ်များတွင် ဖော်ပြထည့်သွင်းခွင့်ကို ဝန်ဆောင်မှုပံ့ပိုးသူအား ခွင့်ပြုပါသည်။

၁၇။ ဝန်ဆောင်မှုနှင့် ဆက်စပ်၍ ကုဒ်နံပါတ် 8477 သို့ ပေးပို့ရသော အသုံးဝင်သည့် Keyword များ
• ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲရန် - OK (သို့) ON
• ဝန်ဆောင်မှုကို ပယ်ဖျက်ရန် - OFF
• အကူအညီ ရယူရန် - HELP